Monday, September 17, 2007

Motherboard Detail...............

တချို့တွေကတော့ Maninboard , Systemboard လို့ခေါ်ကြပါတယ် ....
Type ကတော့ အဓိကအားဖြင့် AT နဲ့ ATX ဆိုပြီး (2) မျိုးရှိပါတယ် ...
AT ကိုကျတော့ ဈေးကွက်မှာ Sperate Board လို့ခေါ်ပြီး အခုဆိုရင်
ဆိုင်တွေမှာ မရှိလောက်တော့ပါဘူး .. သူကအားနည်းချက်များတယ် ..
USB port , Sound Port တွေ မပါဘူးဗျာ .. Built-in port ကိုပြောတာ.
Motherboard (AT) ကိုပေးတဲ့ Power Supply ကျတော့ P8 P9
Connector နဲ့ဗျ ... P8 ခေါင်းမှာ 6 Pin ၊ P9 ခေါင်းမှာ 6 pin ....
အဲ ခေါင်းနှစ်ခေါင်းစလုံးမှာ Ground Cable (Balck) ကြိုးတွေပါတယ်
အဲဒီ အနက်ရောင်ကြိုးတွေက အစွန်းဘက်တွေမှာရှိပါတယ် အဲ
Motherboard မှာ အဲဒီ Power Connector ကို စိုက်ချင်ရင် အနက်
ရောင်ကြိုးနှစ်ချောင်းကို အလယ်မှာထားပြီး ခေါင်းကိုစိုက်ရတယ် ....
ATX .. သူ့ကိုတော့ ဈေးကွက်မှာ On board လို့ခေါ်ပြီး AT board
မှာ မပါဝင်တဲ့ Builit-in Services တွေကို ထပ်ဖြည့်ထားပါတယ် ..
သူရဲ့ Power Supply Connector ကျတော့ လွယ်ပါတယ် ....
20 Pin or 24 Pin ပါ ...
နောက်တစ်ခုက 12 V connector ပါ .. CPU ကို Power ပေးဖို့ပါ..
သူက 4 pin ဖြစ်ပါတယ် .. အဲဒီမှာ သတိထားရမှာက baord ကို
Power ပေးမယ့် Connector ရဲ့ 4 pin branch လေးနဲ့မမှားဖို့ပါ
ဒါပေမယ့် 12 V connector က Click ပါပါတယ်...ခလုတ်လေးပါ
ပြီးတော့ CPU Fan အတွက်ပါ .. သူကလဲ သီးသန့် Controller ပါ
ပါတယ် ... နောက်ပြီး System Fan အတွက်ကလဲ သီးသန့်ပါ....

Motherboard ပေါ်ကို ခြုံငုံပြီးကြည့်လိုက်ရင် IDE controller , SATA
Controller , RAM slots, Expasion Slots, Power Supply Connector,
Battery for CMOS , Floppy Controller , Bulit-In ports , Chipset ,
CD-In Connector , Front Pannel Pin Header , Front Panel Auido
Pin Header , နဲ့ CMOS Jumper, Video Adaptor တွေကိုတွေ့ရပါမယ် ..
သာမန်အားဖြင့် အရေအတွက်တွေကတော့ ဒီလိုပါ ..
IDE (CD Devices , DVD Devices, HDD (IDE) ) - 2
SATA (SATA HDD only) - 2
RAM slot (Memory Modules) - 3 ~ 6
Expansion Slot (Sound Card, etc..) - 4 ~ 5
Floppy Controller (Floppy Drive only) - 1
Video Adaptor (VGA Card only) - 1
Built-In Port
- PS/2 (Keyboard & Mouse) - 2
- Serial (Printer & Scanner, etc) - 2
- Paraller (Printer & Scanner) - 1
- VGA - 1
- LAN - 1
(In Latest Motherboard)
- USB - 4
CD-In - 1
(CD Device မှာပါတဲ့ port တွေကို အသုံးပြုနိုင်အောင်ပါ)
Front Pannel Connector - 1 Group
(For : HDD Led, Restart Button, Power Led , Power Button,
Front Auido Port and USB ports )
CMOS Jumper (Clear & Default CMOS set) - 1 Group

ဒီလောက်ဆိုရင် တော့ နည်းနည်းနားလည်မယ်ထင်ပါတယ် နောက်တစ်ပိုင်း
ကိုတော့ ဆက်ရေးပါမယ့် ..
အမှားပါရင်လဲ ထောက်ပြဝေဖန်နိုင်ပါတယ်ခင်ဗျာ .. ကျွှန်တော်က အခေါ်
အဝေါ်တွေနဲ့ လက်တွေ့ပိုင်းမှာ နည်းနည်းအားနည်းပါတယ် အတွေ့အကြုံ
ကလဲမရှိပါဘူး ဒါကြောင့်အမှားပါနိုင်ပါတယ် ...


ခင်မင်လေးစားလျှက်
လမင်း

Thursday, September 13, 2007

ကျွှန်တော်ရဲ့ ၀ါသနာတွေကတော့များပါတယ် အဲ အပိုင်းတွေတောင်ခွဲပြောရမယ်
ဒါပေမယ့် အခု tag ပါဆိုလို့ tag ရမှာပေါ့ဗျာ .. ကဲ Silvermoon ရေ tag ပြီနော်

(1) အဓိကစိတ်ဝင်စားတယ် ကွန်ပြူတာမှာဆိုရင် Networking ရယ် Hardware
ပိုင်းရယ် အဲဒါကို ၀ါသနာပါတယ်ပေါ့ဗျာ .. ဒါပြီး Multimedia Creation
ပိုင်းပေါ့ .. Graphic ပိုင်း Web Design ပိုင်းတွေကို ၀ါသနာပါပါတယ် ...
(2) အားကစားနဲ့ပတ်သက်ရင် ခြင်းခတ် ၊ ကြက်တောင်ရိုက် ၊ ဘိလိယက်
ကစားတာတွေ ၀ါသနာပါပါတယ် ....
(3) ဒါပြီးတော့ သီချင်းနားထောင်တာရယ် Science ဇာတ်ကားတွေကို ကြည့်တာ
ကို ကြိုက်ပါတယ်...
(4) အေးအေးဆေးဆေးနားနေသည့်အခါ တစ်ယောက်တည်းသို့မဟုတ် အေး
အေးဆေးဆေး နေသော လူများနှင့်သာ နေထိုင်လိုပါသည်.......
(6) အဲ နောက်တစ်ခုက အချစ်ကို ကိုးကွယ်သူလို့ဆိုရပါမယ်ဗျာ ... (အခုလက်ရှိ
အချိန်အထိ ကိုယ့်ကိုကိုယ် ယုံကြည်နေဆဲပါ... )
(7) မဟုတ်မခံချင်တဲ့ စိတ်ကလည်းရှိသေးပါတယ် .. အဲ ကိုယ့်ကို အရင်ဦးဆုံး
မစရင် ဘာမှ မဟုတ်ပေမယ့် အဲ ကိုယ့်ကို မျက်ခုံးမွှေးပေါ်လာလျှောက်တဲ့
ပုံစံမျိုးဆိုရင် .. ကိုယ့်မွေးထားတဲ့ အိမ်မွေးအကောင်နဲ့ တခြားအကောင်ဖြစ်
ရင် အားငယ်/ရှုံးနိမ် သူဘက်က ရပ်တည်ချင်သူပါ...
(8) သူငယ်ချင်းတွေကို ဆိုးနွဲ့အနိုင်ယူချင်သေးပါတယ် ... အဲ ကိုယ့်သူငယ်ချင်း
ကိုမကောင်းပြောရင် တကယ်လဲဖြစ်နေရင်တော့ ငြိမ်နေတတ်ပြီး အတင်းဖြစ်
နေရင်တော့ ဆတ်ဆတ်ခါနာတတ်ပြီး .. ကိုယ့်ကိုပြောခံသလိုခံစားတတ်သူပါ .

ဟီး .. 8 ချက်ပြည့်ပါတယ်နော် ..


ခင်မင်လေးစားလျှက်
လမင်း