Tuesday, June 10, 2008

အချစ်စစ်ဆိုတာ ဘာလဲ ... သို့မဟုတ် ......

အချစ်စစ်ဆိုတာဘာလဲလို့မေးလာရင် ကျွှန်တော်ကိုယ်တိုင်လဲမသိသေးဘူးလို့
ပဲ ပြောနိုင်မယ်ထင်တယ် .. ဒါပေမယ့် Defination အချို့ကိုတော့ သိထားတယ်

(1) စွန့်လွတ်အနစ်နာခံခြင်း (ကျွှန်တော်ကတော့ မယုံကြည်ပါ...)
ကြားဘူးတဲ့ စကားပုံတစ်ခုရှိတယ် အချစ်ဆိုတာ စွန့်လွတ်အနစ်နာခံ
ခြင်းလို့ ယုံကြည်ထားရင် မချစ်ပါနဲ့တဲ့ ...

(2) ရယူပိုင်ဆိုင်ခြင်း (ဒါဖြစ်နိုင်ပါတယ် ..)
သူ့ကို စွန့်လွှတ်ရမယ်ဆိုတဲ့အတွေးကို တွေးမိတိုင်းရင်နာတယ် ...

(3) သူ့ရဲ့ကောင်းကျိုးကို လိုလားခြင်း
(ဒါကတော့နည်းနည်းပဲမှန်တယ် .... ကိုယ်ကျိုးကြည့်တာတွေက များလို့
လေ)

... ဒီလောက်ပါပဲ အဲဒီထဲက ကျွှန်တော်အကြိုက်ဆုံးက သူများတွေနဲ့ အတူတူ
ပဲဖြစ်မှာ ပါ ရယူပိုင်ဆိုင်ခြင်း ... မိမိဘက်မှ ပိုင်ဆိုင်ဖို့အတွက် ပေးဆပ်ခြင်းပေါ့


လမင်း

Monday, September 17, 2007

Motherboard Detail...............

တချို့တွေကတော့ Maninboard , Systemboard လို့ခေါ်ကြပါတယ် ....
Type ကတော့ အဓိကအားဖြင့် AT နဲ့ ATX ဆိုပြီး (2) မျိုးရှိပါတယ် ...
AT ကိုကျတော့ ဈေးကွက်မှာ Sperate Board လို့ခေါ်ပြီး အခုဆိုရင်
ဆိုင်တွေမှာ မရှိလောက်တော့ပါဘူး .. သူကအားနည်းချက်များတယ် ..
USB port , Sound Port တွေ မပါဘူးဗျာ .. Built-in port ကိုပြောတာ.
Motherboard (AT) ကိုပေးတဲ့ Power Supply ကျတော့ P8 P9
Connector နဲ့ဗျ ... P8 ခေါင်းမှာ 6 Pin ၊ P9 ခေါင်းမှာ 6 pin ....
အဲ ခေါင်းနှစ်ခေါင်းစလုံးမှာ Ground Cable (Balck) ကြိုးတွေပါတယ်
အဲဒီ အနက်ရောင်ကြိုးတွေက အစွန်းဘက်တွေမှာရှိပါတယ် အဲ
Motherboard မှာ အဲဒီ Power Connector ကို စိုက်ချင်ရင် အနက်
ရောင်ကြိုးနှစ်ချောင်းကို အလယ်မှာထားပြီး ခေါင်းကိုစိုက်ရတယ် ....
ATX .. သူ့ကိုတော့ ဈေးကွက်မှာ On board လို့ခေါ်ပြီး AT board
မှာ မပါဝင်တဲ့ Builit-in Services တွေကို ထပ်ဖြည့်ထားပါတယ် ..
သူရဲ့ Power Supply Connector ကျတော့ လွယ်ပါတယ် ....
20 Pin or 24 Pin ပါ ...
နောက်တစ်ခုက 12 V connector ပါ .. CPU ကို Power ပေးဖို့ပါ..
သူက 4 pin ဖြစ်ပါတယ် .. အဲဒီမှာ သတိထားရမှာက baord ကို
Power ပေးမယ့် Connector ရဲ့ 4 pin branch လေးနဲ့မမှားဖို့ပါ
ဒါပေမယ့် 12 V connector က Click ပါပါတယ်...ခလုတ်လေးပါ
ပြီးတော့ CPU Fan အတွက်ပါ .. သူကလဲ သီးသန့် Controller ပါ
ပါတယ် ... နောက်ပြီး System Fan အတွက်ကလဲ သီးသန့်ပါ....

Motherboard ပေါ်ကို ခြုံငုံပြီးကြည့်လိုက်ရင် IDE controller , SATA
Controller , RAM slots, Expasion Slots, Power Supply Connector,
Battery for CMOS , Floppy Controller , Bulit-In ports , Chipset ,
CD-In Connector , Front Pannel Pin Header , Front Panel Auido
Pin Header , နဲ့ CMOS Jumper, Video Adaptor တွေကိုတွေ့ရပါမယ် ..
သာမန်အားဖြင့် အရေအတွက်တွေကတော့ ဒီလိုပါ ..
IDE (CD Devices , DVD Devices, HDD (IDE) ) - 2
SATA (SATA HDD only) - 2
RAM slot (Memory Modules) - 3 ~ 6
Expansion Slot (Sound Card, etc..) - 4 ~ 5
Floppy Controller (Floppy Drive only) - 1
Video Adaptor (VGA Card only) - 1
Built-In Port
- PS/2 (Keyboard & Mouse) - 2
- Serial (Printer & Scanner, etc) - 2
- Paraller (Printer & Scanner) - 1
- VGA - 1
- LAN - 1
(In Latest Motherboard)
- USB - 4
CD-In - 1
(CD Device မှာပါတဲ့ port တွေကို အသုံးပြုနိုင်အောင်ပါ)
Front Pannel Connector - 1 Group
(For : HDD Led, Restart Button, Power Led , Power Button,
Front Auido Port and USB ports )
CMOS Jumper (Clear & Default CMOS set) - 1 Group

ဒီလောက်ဆိုရင် တော့ နည်းနည်းနားလည်မယ်ထင်ပါတယ် နောက်တစ်ပိုင်း
ကိုတော့ ဆက်ရေးပါမယ့် ..
အမှားပါရင်လဲ ထောက်ပြဝေဖန်နိုင်ပါတယ်ခင်ဗျာ .. ကျွှန်တော်က အခေါ်
အဝေါ်တွေနဲ့ လက်တွေ့ပိုင်းမှာ နည်းနည်းအားနည်းပါတယ် အတွေ့အကြုံ
ကလဲမရှိပါဘူး ဒါကြောင့်အမှားပါနိုင်ပါတယ် ...


ခင်မင်လေးစားလျှက်
လမင်း

Thursday, September 13, 2007

ကျွှန်တော်ရဲ့ ၀ါသနာတွေကတော့များပါတယ် အဲ အပိုင်းတွေတောင်ခွဲပြောရမယ်
ဒါပေမယ့် အခု tag ပါဆိုလို့ tag ရမှာပေါ့ဗျာ .. ကဲ Silvermoon ရေ tag ပြီနော်

(1) အဓိကစိတ်ဝင်စားတယ် ကွန်ပြူတာမှာဆိုရင် Networking ရယ် Hardware
ပိုင်းရယ် အဲဒါကို ၀ါသနာပါတယ်ပေါ့ဗျာ .. ဒါပြီး Multimedia Creation
ပိုင်းပေါ့ .. Graphic ပိုင်း Web Design ပိုင်းတွေကို ၀ါသနာပါပါတယ် ...
(2) အားကစားနဲ့ပတ်သက်ရင် ခြင်းခတ် ၊ ကြက်တောင်ရိုက် ၊ ဘိလိယက်
ကစားတာတွေ ၀ါသနာပါပါတယ် ....
(3) ဒါပြီးတော့ သီချင်းနားထောင်တာရယ် Science ဇာတ်ကားတွေကို ကြည့်တာ
ကို ကြိုက်ပါတယ်...
(4) အေးအေးဆေးဆေးနားနေသည့်အခါ တစ်ယောက်တည်းသို့မဟုတ် အေး
အေးဆေးဆေး နေသော လူများနှင့်သာ နေထိုင်လိုပါသည်.......
(6) အဲ နောက်တစ်ခုက အချစ်ကို ကိုးကွယ်သူလို့ဆိုရပါမယ်ဗျာ ... (အခုလက်ရှိ
အချိန်အထိ ကိုယ့်ကိုကိုယ် ယုံကြည်နေဆဲပါ... )
(7) မဟုတ်မခံချင်တဲ့ စိတ်ကလည်းရှိသေးပါတယ် .. အဲ ကိုယ့်ကို အရင်ဦးဆုံး
မစရင် ဘာမှ မဟုတ်ပေမယ့် အဲ ကိုယ့်ကို မျက်ခုံးမွှေးပေါ်လာလျှောက်တဲ့
ပုံစံမျိုးဆိုရင် .. ကိုယ့်မွေးထားတဲ့ အိမ်မွေးအကောင်နဲ့ တခြားအကောင်ဖြစ်
ရင် အားငယ်/ရှုံးနိမ် သူဘက်က ရပ်တည်ချင်သူပါ...
(8) သူငယ်ချင်းတွေကို ဆိုးနွဲ့အနိုင်ယူချင်သေးပါတယ် ... အဲ ကိုယ့်သူငယ်ချင်း
ကိုမကောင်းပြောရင် တကယ်လဲဖြစ်နေရင်တော့ ငြိမ်နေတတ်ပြီး အတင်းဖြစ်
နေရင်တော့ ဆတ်ဆတ်ခါနာတတ်ပြီး .. ကိုယ့်ကိုပြောခံသလိုခံစားတတ်သူပါ .

ဟီး .. 8 ချက်ပြည့်ပါတယ်နော် ..


ခင်မင်လေးစားလျှက်
လမင်း

Friday, August 31, 2007

Move to Microsoft Outlook

စာစောင်တစ်ခုမှာ ဖတ်လိုက်ရလို့ပါ ... အဲ အခု တော်တော်များများအသုံးပြုနေကြတဲ့
Outlook Express ကို Microsoft Outlook ပြောင်းသုံးဖို့ရေးထားပါတယ် .....
သူက ဒီလိုအချက်တွေထောက်ပြပါတယ် ..အဲ Outlook Express ကနေပြီးတော့
အီးမေးလ် လက်ခံမယ်ဆိုရင် အရင်ဦးဆုံးဝင်လာမယ့် အီးမေးလ်က Size ကြီးလို့
နောက် အီးမေးလ်ကပိုအရေးကြီးတယ်ဆိုရင် အခုအီးမေးလ်ကို Outlook Express
က Cancel လုပ်ပြီး နောက်အီးမေးလ်ကို လက်ခံနိုင်ဖို့ကို မလုပ်နိုင်ပေမယ့် M.S Outlook
ကတော့လုပ်နိုင်တယ်ဆိုထားပါတယ် .. ဒါ့အပြင် Security အနေနဲ့ M.S Outlook က
ပိုပြိး ကောင်းတယ်လို့ဆိုပါတယ် ... M.S Outlook က Virus ပါလာတဲ့ Email ဆိုရင်
Automatically ဖျက်ပစ်တယ်လို့သိရပါတယ် ခင်ဗျာ .. အခုထပ်ပြီး ပြောပြချင်တာက
M.S Outlook 2003 ကို Setting ချခြင်းပေါ့ဗျာ ...

- Tools > Emial Accounts ကို သွားပါ
- အဲ Add a new email account ကို ရွေးပါ။( user အသစ်ဆိုရင်ပေါ့)
- Next ပေါ့ဗျာ
- အဲ နောက် Box မှာ - POP 3 ကိုရွေးပြီး Next ကို click ပါ ။
- အခုပေါ်လာမယ့် box မှာ ထည့်ရမှာတွေက -....
(1) User name (Your name) - User Information
(2) email address (Your email address) - User Information
(3) Incoming mail server POP3 (receive.bagan.net.mm)
(4) Outgoing mail server (send.bagan.net.mm)
(6) User name (Your name) - Logon Information
(7) Password (Your password) - Logon information
(Check " the remember password " )

အဲ နောက်ပြီး အောက်ဘက်နားလေးက More settings ကို click ပါ ..
ဒါဆိုရင်..
General , Outing Server ,Connection , Advanced ဆိုပြီး tab လေးခုရှိလာပါမယ်

- General မှာ ... တော်တော်တန်တန်က receive.bagan.net.mm ဆိုတဲ့ server
address တစ်ခုပဲဖြည့်ရပါမယ်
- Outgoing Server မှာကျတော့ ... Use same settings as my incoming mail
server ကို check box On ပေးပါ။
- Connection မှာ - Connection Type and Address တွေ ထည့်ပေးပါ။
- Advanced မှာ - Incoming server port = 110 နဲ့ Outing server port = 35
ကိုထည့်ပေးပါ ။ server timeout = 1 min. ပေါ့။

ဖြည့်ပြီးသွားရင် Next > Finishe ပေါ့ဗျာ .. ဒီလောက်ဆိုရင် သုံးနိုင်ပါပြီ



ခင်မင်လေးစားလျှက် ,
လမင်း

Monday, August 20, 2007

Build a Computer yourself

ကိုယ်တိုင် ကွန်ပြူတာတစ်လုံး ဆင်တော့မယ်ဆိုရင် .. ဒီလိုအချက်တွေလိုမယ်...

(1) Metherboard
(2) Hard Disk Drive
(3) CD - ROM (or) Writer
(4) RAM (Memory Module)
(5) CPU (Processor) and CPU Fan
(6) AGP Card
(7) Casing and Power Supply

စပြီးဆင်မယ်ဆိုရင် အရင်ဦးဆုံး CPU ကို motherboard ပေါ်မှာအရင်တပ် ပြီးရင်
CPU Fan ကိုတပ် ၊ နောက်ပြီး motherbaord ကို Casing ထဲ ထည့်လိုက်ပါ ...
နောက် RAM ကိုတပ်ပြီး Hard Disk Drive ၊ ပြီးတော့ CD - ROM ပေါ့ဗျာ ....
အဲဒါတွေကို သက်ဆိုင်ရာ Controller တွေမှာ တပ်ပြီးရင် Power Supply Cable
တွေကို တပ်ပေါ့ဗျာ ... အဲ ... ဒါပြီးတော့ Built-in (Motherboard နဲ့ အတူတွဲပါ
လာသော Port) AGP port မပါရင် card စိုက်၊ ပြီးရင် ... Front panel က ကြိုး
တွေတပ် (HDD led , Power Led , Power swithch , restart swithch) ၊
ပြီးရင်တော့ Monitor ကြိုးကို ဆက်ပြီး AC power ပေးပေါ့ဗျာ .. ဒါပြီးရင်တော့
CMOS ထဲဝင်ပြီး Setting တွေကို ပြင်၊ ဒါပြီးတော့ ... CD-Rom ကို First Boot
Device အတွက်ထားပြီး OS တင်ဖို့ လုပ်ပေါ့ဗျာ ..... OS တင်ရင်း HDD ကို
Partation ပိုင်းမယ် ၊ File System တစ်ခုခုနဲ့ Format ချပေါ့ OS တင်နိုင်ပြီပေါ့ဗျာ
... အဲ ဒါတွေလုပ်ပြီးရင် တခြား Setting တွေကို သတ်မှတ်ရပါမယ် ... ဒါဆိုရင်
Driver တင်မယ့်အပိုင်းကို ရောက်လာပါပြီ .. အနောက်ဘက်က Port အချို့သုံးနိုင်
အောင်ပါ ... အဲ ... ဥပမာအားဖြင့် .. Auido port တွေအတွက်ပေါ့ဗျာ ... တင်မယ်
ဆိုရင် အရင်ဦးဆုံး Device Manager ထဲကိုဝင်ပြီး တော့ ဘယ်ဟာတွေ မတင်ရ
သေးဘူး .. Error တက်နေတယ်ဆိုတာကို ကြည့်ပြီး တင်ပေးရပါမယ် .. ဒါအပြင်
တင်ထားတဲ့ Driver အတု တွေကို မကြိုက်ဘူး အဆင်မပြေဘူးဆိုရင် လဲ သူ့ရဲ့
Driver ကို တင်ပေးနိုင်ပါတယ် .. အဲ ဥပမာ AVG card လိုပေါ့ဗျာ ... တင်ပြီးပြီး
ဆိုရင်တော့ Software တွေတင်ပြီး သုံးနိုင်ပါပြီခင်ဗျာ ..

အထက်ပါ အချက် များကို နောက်မှ အသေးစိတ်ရှင်းပြပါမယ့် ဗျာ ... အဲ သင်တန်း
ကသင်လိုက်တဲ့ ဟာလေးကို ပြန်ပြီး Share လုပ်တာပါ .. အတွေ့အကြုံ မရှိသေးလို့
မှားနေတဲ့ ဟာတွေရှိရင် ဝေဖန်နိုင်ပါတယ် .. ပြင်ပေးနိုင်ပါတယ်ဗျာ ...



အားလုံးကိုခင်မင်လေးစားလျှက်,
လမင်း

Monday, August 6, 2007

ရင်တွင်းဝေဒနာ

မြင်တွေ့ ခဏ
စွဲလမ်းထာဝစဉ်
ဖြစ်ရသည်မို့ ...
ရင်တွင်းဝေဒနာ ဖြစ်တည်လာရ ..
" သြော် ဒါအချစ်လား ? "

အချစ်ဆိုတာ ဘာများရယ်လို့
တွေဝေစဉ်းစား ရံဖန်များခိုက်
အချစ်များကို ဖြစ်ရသံသယ
စစ်မှန်ပါလေစ ....

10 ကျော်စ အရွယ်က
ရင်မှာဝင်စား သူပြုစားလဲ
ယခုထက်တိုင် မမေ့နိုင်ပါ...

ရင်တွင်းဝေဒနာ
သူသိစေချင်လဲ
စိတ်ထဲမ၀ံ့
" သြော် ရင်တွင်း ဝေဒနာဆိုးလှပါတကား "

ဆိုးပင်ဆိုးငြား
ရင်မှာသိုဝှက်သိမ်းဆည်းထား
ရင်တွင်းဝေဒနာ တစ်ဘ၀အတွက်ကွယ် .....



ကဗျာလို့လဲ မဆိုနိုင်ပါဘူးခင်ဗျာ .. ကျွှန်တော်ရဲ့ ခံစားချက်ကို ဖွင့်ဟလိုက်တာပါ
... ပိုလို့တောင်ဝေးကွာသွားတဲ့ ဘ၀ ၊ အဆင့်အတန်းတွေကို ညှိနှိုင်းပေါင်းစပ်ချင်
ပေမယ့် .. အတားအဆီးတွေ ကအများကြီးပါ... အတားအဆီးတွေကို ကျော်ဖြတ်
နိုင်ချိန်မှာ သူ့ဆီက ပြန်လာမယ့် အဖြေက No ဆိုရင် သွားပြီ ... အခုကတည်းက
ဖွင့်ပြောပြန်ရင်လဲ .. အခြေအနေချင်းကမတူ .. တခါတရံကျတော့ကျောခိုင်းလိုက်
တာကောင်းမယ်ထင်ပေမယ့် သတိကတော့ရနေတာပါပဲ .. အိပ်ရာကထတိုင်းလွမ်း
နေတယ် .. ဟဲ.ဟဲ့..16 နှစ် အရွယ် ကတည်းက သိမ်းဆည်းထားတာ အခုထိ ဖွင့်
မပြောရသေးဘူး ကျွှန်တော် ညံ့တယ်ထင်တယ်နော်..20 ရှိပြီလေ ... သူက
ကျွှန်တော်ထက် 4 နှစ်ကြီးပါတယ် ...ဘွဲ့လဲ ရပြီးပြီး လေ .. တခြားကွာခြားတာ
တွေလဲ အများကြီးပဲ ..ဒါပေမယ့် တခါတရံ အချစ်စစ်မှ ဟုတ်ရဲ့လား ? ဆိုတဲ့
မေးခွန်းက ကိုယ့်ကိုကိုယ်ပြန်မေးနေမိတယ် ... အခုဆို သူ က အပြင်ကိုထွက်သွား
ပြီ .. အလုပ်သွားလုပ်တာလေ .. ကိုယ်က ဒီမှာနေပြီးကိုယ်တစ်ယောက်စာကိုပဲ နိုင်
အောင် မရှာနိုင်သေးဘူး ......ဟီး ..ပြောရင်း ပြောရင်းနဲ့ အိမ်ထောင်ရေးဘက်
ရောက်တော့မယ် .. ဘာပဲဖြစ်ဖြစ်ဗျာ .. အခုတလော သိပ်လွမ်း သိပ်သတိရတယ်.
လွမ်းနေရဦးမယ်ထင်ပါတယ်ဗျာ ...



လမင်း

Thursday, July 26, 2007

အခုတလော အလုပ်တွေကအားနေတယ် .. Connection က လဲမကောင်းတော့ လူကို
ပျင်းနေတာပါပဲ .. နောက်ဆိုရင် ပိုဆိုးမယ် .. အခုတောင် သင်တန်းတစ်ခုတက်နေလို့
ပျင်းချိန်သိပ်မရှိဘူး .. AutoCAD လေး လေ့လာမလို့ ဆုံးဖြတ်ထားတယ် .. စက်ကလဲ
2002 version ပဲနိုင်တယ် ... Flash လေးလဲ လေ့လာချင်တယ် ... စာအုပ်တစ်အုပ်က
တော့ ၀ယ်မှဖြစ်မယ် .. CD ၀ယ်ပြီး တင်လေ့လာလို့ကတော့ သိပ်နားမလည်နိုင်ဘူး..
တခြားနေရာတွေကတော့ မသိဘူး ကျွှန်တော်အခုနေတဲ့ ဧရာဝတီတိုင်းမှာတော့
တချို့နေရာတွေမှာ ရေတွေမြုပ်နေတယ် .. ရေကြီးနေတယ်ပေါ့ဗျာ .. ဆည်တွေလဲ
ကျိုးကြတယ်တဲ့ ကိုယ်ကတော့မသိပါဘူး .. သူများတွေပြောကြတာလေ ...
အခုတော့ သိပ်ပြီးမိုးမရွာတော့ဘူး မရွာတာ (2) ရက်ရှိပြီ....


လမင်း

Thursday, July 19, 2007

သူငယ်ချင်းအားလုံး မင်္ဂလာပါခင်ဗျာ .. မိုးရာသီမှာ မိုးကို ချစ်ပေမယ့် မိုးကြောင့်
သွားရေးလာရေးခက်ခဲကြမှာပေါ့နော် .. ကျွှန်တော်ငယ်ငယ်တုန်းကဆိုရင် ..
မိုးရာထဲမှာ ဘောလုံးကန်တယ် ..ခြင်းခတ်တယ် ..အဲ .. ဘယ်လောက်ပဲသဲသဲ
ပျော်တယ် ..အခုအရွယ်ရောက်လာတော့ မိုးကို မမုန်းပေမယ့် ... စိတ်တော့
နည်းနည်းညစ်တယ် .. မိုးရွာရင် .. ရည်မှန်းထားတွေတွေအကုန်ပျက် .. သွားရေး
လာရေး..ခက်နဲ့မို့ပါ .. ဒါပေမယ့် မိုးကို ချစ်နေဆဲပါ .. ရာသီဥတုတွေထဲမှာ
ကျွှန်တော်က ဆောင်းဥတုကို အကြုက်ဆုံးပဲ .. အေးအေးချမ်းချမ်းရှိတယ် ..
သာယာတယ်.. ရှမ်းပြည်မှာဆိုရင် မနက်စောစောထ ပဲပြုတ်ဝယ်ဆိုရင် 6း00
လောက်ထွက်ရင် နှင်းတွေကပိတ်နေတုန်း ရှေ့ 15 ပေ လောက်ကို မမြင်ရဘူး..
ဘာပဲဖြစ်ဖြစ်လေ အကောင်းဆုံးက ဆောင်းဥတုပဲဖြစ်မယ် .. ကျွှန်တော့်အတွက်ပါ..
ဒါပြီး တစ်ယောက်သောသူရဲ့ မွေးနေ့က ဆောင်းတွင်းထဲမှာရှိလို့ပါ ...



လမင်း

Sunday, July 8, 2007

အားလုံး မင်္ဂလာပါခင်ဗျာ .. အခု ကျွှန်တော် သူငယ်ချင်းတွေရဲ့ ကူညီမှုကြောင့်
ဘလော့လေးကို နဲနဲတိုးတက်အောင် လုပ်နိုင်တယ်လို့ရပါမယ် . .ပြီးတော့
ဘာသင်တန်းတက်ရမယ် ဆိုတော့ .. A + ကောင်းတယ် ဘယ်မှာတက်ဆိုပြီး
လမ်းညွန်ပေးကြတဲ့သူငယ်ချင်းအားလုံး ကိုကျေးဇူးပါပဲ အဲ ...... ကျွှန်တော်
အကြိုက်ဆုံးကိုရီးယား သရုပ်ဆောင်က Kim Hee Sun (Kim Hee Seon) ပါ
အခြားမင်းသမီးတွေထက် ပိုပြီး တည်တည်တံတံရှိတယ် ..



ခင်မင်လေးစားလျှက်
လမင်း

Wednesday, April 25, 2007

ကျွှန်တော် 4 နှစ် အတွင်း သိန်း 100 လောက်ရှာချင်တယ်ဗျာ .အဲ ဘာပညာမှလဲ
မတတ်တော့ စိတ်အရမ်းညစ်နေတယ်ဗျာ..ဘာတွေသင်ရင်ကောင်းမလဲ ..
အကြံပေးကြပါဦး ..



ခင်မင်လေးစားလျှက် ,
လမင်း

Introduction !

မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပြီး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းနိုင်ပါစေလို့ မင်္ဂလာစကား
လေးများအရင်ပြောပါရစေဗျာ ..ကျွှန်တော့် နာမည် လမင်း ပါ ။ကိုစေတန် ရဲ့ ဖိုရမ်က
လမင်း ဆိုပြီးပိုသိပါတယ် .. အသက်က 21 နှစ် ၊ ယောကျာင်္းလေးပါ ..ဘွဲ့တစ်ဘွဲ့
တော့ရခါနီးပြီပေါ့ဗျာ .. သွားတော့မယူရသေးဘူး စိတ်ဝင်စားတာတွေက အားကစား
ဆိုရင် .... ကြက်တောင်ရိုက်တာနဲ့.... ခြင်းခတ်တာပါ ... အဲ .. ကွန်ပြူတာပိုင်းဆိုရင်
Networking , Hardware , Graphic Design , Web Design ,Multimedia ပိုင်းတွေ
ကိုစိတ်ဝင်စားပါတယ် ခင်ဗျာ .. အခုလဲ စိတ်ရှည်လက်ရှည်ဖြေကြားပေးသော ...
ကိုစေတန် ၊ ကိုတီဇက် ၊ မ Silvermoon ၊ Jassid ၊ တောင်ငူမြို့က ကိုစည်သူဟိန်း
တို့ကြောင့် ဒီ ဘလော့လေးကောင်းမွန်လာတယ်ပါတယ် ..... အဲ နည်းနည်းပဲကောင်း
ပါတယ် ...နောက်ပြီး ..Forum ထဲမှာမေးသမျှမြန်းသမျှ မေးခွန်းတွေကို ဖြေကြားပေး
ခဲ့သော ကို PhpCrazy အပြင် အခြားသယ်ရင်းများကိုလဲ ခင်မင်လေးစားကျေးဇူးတင်
လျှက်ရှိပါတယ်ဗျာ ကျွှန်တော်ရဲ့ ရည်ရွယ်ချက်က ကိုယ်သိတာလေးတွေကို တခြား
သူတွေကို ဖြန့်ဝေပေးချင်သလို မသိတာတွေကိုလဲ မေးမြန်ချင်ပါတယ် ... အဲ ....
ဒါကြောင့် အမေးအမြန်းသိပ်များနေရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ ... ကျွှန်တော်က
သူငယ်ချင်းဆိုရင် .. သိပ်မရှိဘူးဗျာ .. အဲဒါကြောင့် Online က သူငယ်ချင်းတွေကို
ပိုခင်မင်မိပါတယ် ... ရင်ဖွင့်စရာရှိရင်လဲ Online က သယ်ရင်းတွေ နဲ့ပဲ ရင်ဖွင့်ဖြစ်
တယ်....



ခင်မင်လေးစားလျှက်
လမင်း